မှတ်တမ်း -၃

နေရာ - အင်တာနက် ၊ ဂျီတော့ခ်

အချိန်း 23 Dec 08, 20:35

ကိုမင်းကျော်  သူ့ မိတ်ဆွေကြီး ကို အွန်လိုင်းတွင် အခန့်သား တွေ့ရပြီးသကာလ သူစိတ်ရှုပ်နေခဲ့ သော ကိစ္စအား ဆွေးနွေးပြောဆိုရန် အတွက် စ “ဟိုင်း” လိုက်ပါတော့၏။

kmk : ဟိုင်း ကိုယ့်လူ အလုပ်ရှုပ်နေလား။

yt : မရှုပ်ပါဘူးဗျာ။ နေကောင်းလားဗျို့။ :)

kmk : ကောင်းတယ်ဗျ။  စိတ်ရှုပ်စရာ တွေ့နေလို့ အခုပဲ။

yt : ဘာတုန်းမသိ?

kmk : ဘလော်ဂါ ဆုပေးပွဲဆိုတာပါဗျာ။ ဒီမှာ ကြည့်ဗျို့။  http://cbox.ws/?n=1-915151-3626

Sent at 20:40 PM on Tuesday

yt : တွေ့တယ်ဗျို့.. ထားလိုက်ပါဗျာ. သူကလည်း ကိုမင်းကျော်ကို တိုက်ရိုက်ပြောတာတော့ မဟုတ်ပါဘူးဗျ။ တစ်ခြား ဆိုဒ်တွေမှာလည်း သူ လိုက်ပြောနေတာ တွေ့တယ်ဗျ။

kmk : အင်း. ဟုတ်တယ်ဗျ။ ကျွန်တော်လည်း အဓိက က သူ ကျွန်တော့်ကို ပြောတာ မပြောတာကို ပြောတာ မဟုတ်ပါဘူး။ သူ အော်ထားတဲ့ ဆုပေးမယ် ဆိုတဲ့ ဆိုဒ်ကို လည်းကျွန်တော်သွားကြည့်ပြီးသွားပြီဗျ။ နည်းနည်းတော့ အစီအစဉ်တွေ တစ်ချို့ ထပ်ထည့်ဖို့ လိုနေတာပေါ့ဗျာ။ သူလည်း အခက်အခဲ တွေ ရှိမှာပေါ့။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ။ ကျွန်တော်တို့ အဲဒီလို ဆိုဒ်မျိုး တစ်ခုလုပ်မယ် ဆိုရင် မဖြစ်နိုင်လောက်ဘူးလားဗျ။ ? ကျွန်တော်တို့ တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံနဲ့ လည်း ဖြစ်အောင် ပေါ့ဗျာ။

yt : ဟုတ်ကဲ့. ဖြစ်တော့ ဖြစ်မယ်လို့ ထင်တယ်ဗျ။ ကျွန်တော်တို့မလဲ ဆာဗာကြီး တစ်ခုလုံး ရှိနေတာပဲ။ ဒိုမိန်း တစ်ခုလောက်တော့ ခင်ဗျား ဝယ်ဖို့ လိုမယ် ထင်တယ်ဗျ။ နောက် တစ်ခြား ဘလော်ဂါ မိတ်ဆွေတွေကိုလည်း ထပ် ဖိတ်ခေါ်ဆွေးနွေးကြည့်ဖို့ လိုမယ်ဗျာ။  ဒါပေမယ့် ခက်တာက ကျွန်တော်တို့ ချည်းပဲ ဆိုရင်လည်း ကိုယ့်အချင်းချင်း ဆိုတော့ လေးစားပါ့မလားဗျ။ အဲဒါတစ်ခုတော့ ရှိမယ်ဗျ။

kmk : ကျွန်တော်လည်း အဲဒါပဲ တွေးနေတာဗျ။ ပြီးခဲ့တဲ့ တစ်လလောက်ကပဲ ဦးဇင်း တစ်ပါး နဲ့ အဲဒီ ကိစ္စဆွေးနွေးဖြစ်သေးတယ်။ သူကလည်း အရမ်းဖြစ်စေချင်တယ်….အဲဒီ လိုအစီအစဉ်တစ်ခုကို။ ပြီးတော့…လိုအပ်တဲ့ အကူအညီလည်း ပေးမယ်လို့ ပြောတယ်ဗျ။

yt : ဟုတ်. ကောင်းတာပေါ့ ကိုမင်းကျော်ရာ. အဲဒါလည်း.. ဝဘ်ဆိုဒ် တစ်ခုကတော့ အခုတင်၊ အခုရပါတယ်ဗျ။ ခက်တာက စနစ်တကျ ဖြစ်ဖို့ပဲ။ ၂၀၀၈ အတွက် ဆုပေးမယ် ဆိုရင်တော့ အချိန်ကလည်း ဘာမှ မရှိတော့ဘူးဗျ.. ကျွန်တော်တို့မှာက..

kmk : အဟုတ်ပဲဗျာ.. ရက်ကလည်း ကပ်နေပြီဆိုတာ့. နဲနဲ တော့ ဂွကျတယ်ဗျို့။ ကျွန်တော်တွေးမိတာ တစ်ခုက ကျွန်တော်တို့ ဆုပေးမယ့် အစီအစဉ်ထဲကို အဖွဲ့အစည်း တစ်ခုခုကိုပါ အကူအညီတောင်းကြည့်လိုက်ရင် မကောင်းဘူးလားဗျ။ သူတို့လည်း ကူညီနိုင်မယ် ဆိုရင်တော့ အဆင်ပြေနိုင်မယ်ဗျ။

yt : ကျွန်တော်တော့ အဲဒါနဲ့ ပတ်သက်လို့ သိသူ တစ်ဦးမှ မရှိဗျို့။ :D

kmk : အဲဒီ အတွက်တော့ မပူပါနဲ့ဗျာ .. ကျွန်တော့်မှာ မိတ်ဆွေ တစ်ချို့တော့ ရှိပါတယ်။ သူတို့ကို အကူအညီ တောင်းကြည့်ရင်တော့ ရနိုင်ကောင်းမယ်ဗျ။ ခင်ဗျား မြန်မာသတင်းသမဂ္ဂ ကို သိတယ်မလား။

yt : ဟုတ်.. ကြားဖူးတယ် ခင်ဗျ။ အဲဒီက လူတွေနဲ့ ကိုမင်းကျော် သိလို့လား။

kmk : ဟုတ်ကဲ့ .. ဆိုပါတော့။ နဲနဲ သိတာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်မှုကို သေချာရှင်းပြပေးနိုင်ရင် သူတို့ ကူညီလိမ့်မယ်လို့ ကျွန်တော် ထင်တယ်လေ.။

yt : ဒါဆိုရင်တော့ အဆင်ပြေတာပေါ့ဗျာ။ ကျွန်တော်က ဘာကူညီပေးရမလဲ ဒါဆို. ?

kmk : ဒီလိုဗျာ. ကျွန်တော်လည်း တစ်ခြား ကျွန်တော် ဘလော့ဂ် မိတ်ဆွေတွေကို လိုက် စည်းရုံးကြည့်ပါဦးမယ်။ သူတို့လည်း စိတ်ဝင်စားကြမယ်လို့ ထင်တယ်ဗျ။ ကို yt ကျွန်တော်တို့နဲ့ အတူ ဒီအစီအစဉ်ကို အကောင်အထည်ဖော်တဲ့ ထဲမှာ ကူညီမယ် ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။

လုပ်စရာ တော့ များများစားစား မရှိပါဘူး။ ကျွန်တော်တို့ကို WordPress နဲ့ ဘလော့ဂ် Gallery ဆန်ဆန် ဆိုဒ်တစ်ခု ဆောက်ပေးဖို့ပါပဲ။

yt : သြော်. ဟုတ်ကဲ့. အဆင်ပြေပါတယ်ဗျ။ ဒါပေမယ့် ကျွန်တော် ထင်တာကတော့ Premium Template တစ်ခုခုကို ဝယ်သုံးလိုက်ရင် ပိုအဆင်ပြေမယ်ဗျ။ ကျွန်တော် ရှာကြည့်လိုက်ပါ့မယ်။ WordPress နဲ့ပဲနော်. ဟုတ်တယ်မလား။

kmk : ဟုတ်တယ်ဗျ။ WordPress နဲ့ပဲ. နောက်. ဘလော့ဂ် စာရင်းတွေ ပြုစုဖို့နဲ့ ဘယ်လို ဘလော့ဂ်တွေကို ထည့်မယ်၊ ကဏ္ဍတွေကို ဘယ်လို ခွဲမယ် အဲဒါတွေကိုတော့ ကျွန်တော် ကျန်တဲ့သူတွေကို ဆွေးနွေး မေးမြန်းကြည့်ဦးမယ်ဗျို့။

yt : အိုကေ ကိုမင်းကျော်. ဒါဆို… ကျွန်တော် Theme တွေ ရှာထားလိုက်မယ်လေ။ ကိုမင်းကျော် စမယ် ဆိုတာနဲ့ ပြောပေါ့..။

kmk : အိုကေ.. အိုကေ ကို yt. ဒါဆို နောက်မှထပ်တွေ့မယ်ဗျို့..

yt : အိုကေဗျို့..

Leave a Reply