99SaNay နှင့် အင်တာဗျူး

၁. ဘလော့ဂ်အကယ်ဒမီပေးပွဲ ဆိုတာကို စကြားမိတော့ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ၊ ဘယ်လိုထင်မြင်မိပါသလဲ။

ဖြေ.. ရုပ်ရှင် ထူးချွန်ဆုလိုပဲ ကြိုးစားအားထုတ်ပြီး ရေးနေသူတွေအတွက် ဘလော့ဂ်ထူးချွန်ဆုလဲ ရှိသင့်တယ်လို့ ထင်ပါတယ်။

၂. ဘလော့ဂ်အကယ်ဒမီပေးပွဲဟာ ဘလော့ဂါတွေအပေါ်ကို ဘယ်လို ဂယက်ရိုက်စေနိုင်တယ်လို့ ထင်မြင်မိပါသလဲ.

ဖြေ….စာရေးဖို့ ဝါသနာပါသူတွေ ဘလော့ဂ်အတွက် ပိုအချိန်ပေးလာကြမယ်၊ စာတွေ ပိုဖတ်လာကြမယ်လို့ ထင်မိပါတယ်။

၃. မဲပေးစနစ်ကို ကျေနပ်မှု ရှိပါသလား၊ ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ နည်းလမ်း အကြံပြုချင်တာများ ရှိပါသလား.

ဖြေ….ပထမဆုံးအကြိမ် လုပ်တာဆိုတော့ ချွတ်ယွင်းမှုလေးတွေတော့ ရှိမှာပေါ့။ ပိုကောင်းတဲ့အကြံတော့ မပေးတတ်ပါဘူးး)

၎. အခုလို ဆု ရရှိတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။

ဖြေ… ဝမ်းသာပါတယ်။

၅. အခုရရှိတဲ့ ဆု ဟာ မိတ်ဆွ အပေါ် ဘယ်လို အသုံးဝင်စေ ပါသလဲ။ လာမည့် နှစ်တွေ မှာ ဘယ်လို ဆု မျိုးတွေ ပေးသင့်ပါသလဲ။

ဖြေ… ဒီအမေးကို ဖြေရမှာ နည်းနည်းအားနာပါတယ်။ အခု ကျွန်မသုံးနေတဲ့ blogspot.com က ဖရီးရနေတဲ့အတွက် ဒိုမိန်းနဲ့ ဝဘ်ဟို့စ်တင်း က ကျွန်မအတွက် (လောလောဆယ်) အသုံးမဝင်ဘူးလို့ ပြောချင်ပါတယ်။ ဖြစ်နိုင်ရင် အဲဒီဒိုမိန်းဝယ်တဲ့ ကုန်ကျမဲ့စရိတ်နဲ့ မြန်မာပြည်က မရှိသူတွေကို လှူဒါန်းနိုင်တဲ့ ပစ္စည်းမျိုး ကျွန်မလိုချင်ပါတယ်။ ဥပမာ- ဗလာစာအုပ်၊ ခဲတံ .. စတာတွေပေါ့။

၆. ဘလော့ဂ်အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး မိမိစိတ်ထဲ ခံစားရသမျှ အလွတ်သဘော ဆွေးနွေးပြောဆိုပေးပါ၊

ဖြေ… ဘလော့ဂ်အကယ်ဒမီဆိုကို အစက မသိခဲ့ပါဘူး။ ရှိလာတော့ ကောင်းတာပေါ့။ မဲပေးပြီးရွေးတယ် ဆိုတော့လဲ ကိုယ့်ပရိသတ်က ပေးတယ်လို့ပဲ ခံစားရပါတယ်။ ပရိသတ်နဲ့ပိုရင်းနှီးသွားတာလဲ သေချာပါတယ်။ ကိုယ့်ဘလော့ကို မနှစ်သက်ဘဲနဲ့တော့ အလကားနေရင်း လက်ဆော့ပြီး မဲထည့်သွားတာတော့ မဖြစ်လောက်ပါဘူး။ ဘလော့တစ်ခုဖတ်ဖို့ရာ အချိန်တော်တော်ပေးရပါတယ်။ ပြီးတော့ ပုံမှန်လမ်းက မလာနိုင်ဘဲ ကွေ့ပတ် ရှောင်ရှားပြီး လာရတာလဲ ပင်ပန်းပါတယ်။ ဒါကြောင့်မို့ ဘလော့ဂ် ပရိသတ်တွေကို လေးစားရသလို သူတို့ရဲ့မဲတွေကိုလည်း တန်ဖိုးထားပါတယ်။ One vote can change the nation လို့ ဖတ်ဖူးပါတယ်။ ဘလော့ဂ် ပရိသတ်တစ်ယောက်ရဲ့ မဲတစ်မဲဟာလဲ အဲဒီထက်တော့ လျော့မယ်မထင်ပါဘူး။ ကျေးဇူးတင်ပါတယ်။ ဆက်ပြီး ကြိုးစားသွားပါ့မယ်။

လေးစားစွာဖြင့်

နိုင်းနိုင်းစနေ

Leave a Reply