ကိုကောင်းကင်ကို နှင့် အင်တာဗျူး

စစချင်းတော့ ဘလော့ဖတ်သူတွေ သိပ်စိတ်မဝင်စားလောက်ဘူးလို့ မြင်ခဲ့မိပါတယ်။ နောက်တော့ မှ ဘလော့ဖတ် ပရိသတ်က စိတ်ဝင်စားတာကို သိရပါတယ်။ ဘလော့ဂါ တွေထဲမှာလည်း စိတ်ဝင်စားတဲ့ သူတွေ ရှိတာ ကို သိရပါတယ်။ ကမ္ဘာပေါ် မှာလည်း ဒီလို အွန်လိုင်း ကနေ မဲပေးပွဲတွေ ရှိနေတော့ မြန်မာ့ဘလော့ လောကမှာ လည်း ရှိနေမယ် လို့  မြင်မိပါတယ်။ လုပ်တဲ့သူတွေကော မဲပေးတဲ့ သူတွေကော အားလုံး အတွေ့ အကြုံ သစ် ရတယ် လို   မြင်မိပါတယ်။

မဲရတာနဲ့  ကိုယ့်ဘလော့ထဲမှာ အားပေးတဲ့ ကွန်မန့်  ရတာကို ထပ်တူထပ်မျှ ကျေနပ် ခံစားမိ ပါတယ်။ ကိုယ့်ကို ပရိသတ် ဘယ်လောက် ချစ်ခင်သလဲ ဆိုတာ စောင့်ကြည့် ချင်တဲ့ ဆန္ဒ ရှိပါတယ်။ ( ဒီလို ပြောလို့  မဲမရတဲ့သူတွေကို ပရိသတ်က ချစ်ခင်မှု မရှိ၊ အားပေးမှု မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူးခင်ဗျ။ ပရိသတ်ထဲမှာ အသံတိတ် ပရိသတ် တွေနဲ၊့ မဲပေးတာတွေ ဘာတွေ ဝါသနာ မပါတဲ့ ပရိသတ်တွေ ရှိနေမှာပါ။ ဘလော့ဂါတိုင်းမှာ သူ့ ပရိသတ်နဲ့ သူ ရှိပါတယ်။အကုန် အတူတူ ချည်းပါ။ ) ကိုယ့်ကိုယ်ကို အကောင်းဆုံး ကဗျာဆရာ လို့ မခံစားရ သလို ပရိသတ် အကြိုက်ဆုံး ကဗျာဆရာလို့ လည်း မယူဆပါ ခင်ဗျား။ အသားတင် မဲအများဆုံး ရပြီး ပရိသတ် အနည်းအကျဉ်း ရှိတဲ့ ကဗျာ ရေးသူလို့ ပဲ ခံစားရပါတယ်။ ကျွန်တော့်ကို မဲပေးတဲ့ သူကော၊ မဲမပေးတဲ့ သူကော ကျွန်တော့် ပရိသတ်မှန် သမျှ ကျေးဇူးတင်ကြောင်းပြောပါရစေ။

ဘလော့ဂါတွေ အပေါ်မှာ ကျင်းပတဲ့အချိန်၊ ကျင်းပပြီးခါစ အချိန်တွေမှာ တော့ ဂယက် အမျိုးမျိုး ရိုက်မှာပါ။ ဘယ်လို ဂယက်တွေ ရိုက်သလဲ ဆိုတာတော့ စိတ်ဝင်စားသူ တိုင်းအသိမို့  ကျွန်တော် မပြောတော့ပါဘူး။ အမြင် အမျိုးမျိုးပေါ့ဗျာ။ ဒါပေမယ့် ဆုပေးပွဲ ရှိရှိ မရှိရှိ ဘလော့ဂါတွေ နဲ့ ပရိသတ် တွေက ဒီအတိုင်း ကိုယ် ဝါသနာ ပါတာကို လုပ်ရင်း ပုံမှန် လည်ပတ်နေမှာပါ။ ဒီပွဲ မရှိခင်ကတည်း က ဘလော့ လောက က စည်ကားနေပြီးသားပါ။

အဲလိုပြောတာဟာ ဒီလို မဲပေးပွဲ မလုပ်သင့် ဘူးလို့ ပြောလိုတာ တော့ မဟုတ်ပါခင်ဗျား။ ကျွန်တော် တစ်ဦးတည်း အနေနဲ့  ကတော့ MBBA အဖွဲ့  သားတွေရဲ့  ကြိုးစား အားထုတ်မှုကို အကောင်း မြင်မိ ပါတယ်။ ( အမြင်မတူတဲ့ သူတွေကိုလည်း မှားတယ်လို့ မဆိုလိုပါ။ တစ်ချို့  အမြင်မတူသူတွေရဲ့ အမြင်တွေ တော်တော်လေး ကောင်းမွန်ပါတယ်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ မပါပဲ လွတ်လွတ်လပ်လပ် ကွဲလွဲ ကြတာပေါ့ ခင်ဗျား။ ကျွန်တော့် ကဗျာတွေနဲ့ ပတ်သတ် တဲ့ ဝေဖန်မှု ကိုသာ လိုလား ပါတယ်။ ဒီလိုကိစ္စတွေ နဲ့  တော့ အငြင်းပွါးမှု ထဲမှာ မပါချင်ပါ ခင်ဗျား။ )

အကြံပြု ချင်တာများ ရှိပါသလားဆိုတဲ့ မေးခွန်းကို ဖြေရရင်တော့ အချိန်လု ပြီးလုပ်ရလို့ ထင်ပါတယ်။ ကဏ္ဍ ခွဲတာ ကတော့ လိုအပ်မှုတွေ ရှိခဲ့တယ်လို့ မြင်ပါ တယ်။   ပြီးတော့ တစ်ချို့  ပါသင် တဲ့ ဘလော့တွေ မပါဘူးလို့ ခံစား ရပါတယ်။ တစ်ချို့  ဘလော့တွေ ကိုလည်း ကဏ္ဍ ခွဲထားတာ လွဲနေတယ်လို့ မြင်ပါ တယ်။ ကဏ္ဍ ခွဲတာ လွဲလို့  ကာယကံရှင် ဘလော့ဂါတွေ အခံ ရခက်မှာ အသေအချာပါ။ နောက်တစ်ကြိမ် လုပ်မယ်ဆိုရင် အချိန်လု စရာမလိုတော့တဲ့ အတွက် ဒါမျိုးမဖြစ်နိုင် တော့ဘူးလို့ ထင်ပါတယ်။ ဘေးကနေ အကြံပေးရတာ လွယ်ကူပြီး တကယ်လုပ် ရတာက ခက်တဲ့အတွက် အကြံပြုချက် တွေ အားလုံး ကို ယူဖို့ တော့ အခက်အခဲ တွေ ရှိနေမှာပါ ခင်ဗျား။ လက်တွေ့  လုပ်ရတဲ့ သူတွေက ဘယ်လို အခက်အခဲတွေ ရှိတယ် ဆိုတာကို အသိဆုံးပါ။ အပင်ပန်းခံပြီး အတတ်နိုင်ဆုံး ကြိုးစားထားတယ် လို့ ကျွန်တော် ယုံကြည် ပါတယ်ခင်ဗျား။ perfect ဖြစ်ဖို့  ဆိုတာကတော့ မလွယ်မှန်းသိပါတယ် ခင်ဗျား။

နောက်ဆုံး အနေနဲ့  ကျွန်တော့် ပရိသတ် မှန်သမျှ မဲပေးတဲ့သူရော မဲမပေး ဖြစ်တဲ့သူတွေကို ပါ ကျေးဇူးတင်ကြောင်း ပြောပါ ရစေ။ ကဗျာတွေ၊ စာတွေကို စိတ်ဝင်စား တဲ့ သူဆိုရင် ကျွန်တော့် ဘလော့ ကို လာလည်ပြီး အားပေးကြဖို့ ဖိတ်ခေါ်ပါရစေ။

MBAA ကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေခင်ဗျား။

အားလုံးအဆင်ပြေ ပျော်ရွှင်ကြပါစေဗျာ။

လေးစားစွာဖြင့်

ကောင်းကင်ကို

Leave a Reply