ပေးစာ နှင့် ပြန်စာများ

ကျွန်တော်တို့ MMBlogPress Team ထံကို ရောက်ရှိလာတဲ့၊ အကြံပေးချက်၊ မေးမြန်း ဆွေးနွေးမှုများထဲမှ တစ်ချို့သော ပေးစာများကို ကျန်သော မဲပေးသူ ပရိတ်သတ်များ အားလုံးလည်း တစ်နည်း တစ်ဖုံအားဖြင့် သိရှိဖတ်ရှုသင့်တယ်လို့ ယူဆမိတဲ့ အတွက် ပြန်စာများနှင့် တကွ အောက်တွင် ဖော်ပြအပ်ပါတယ်။

ပေးစာ (၁)

မိတ်ဆွေတို့ ခင်ဗျာ။

ကျနော် ×××××× ပါ။ ဘလော့မှာ စာတချို့ ရေးနေသူပါ။

၂။ မြန်မာဘလော့ကောင်းများ ကို ရွေးချယ်သတ်မှတ်ခြင်းမှာ ပူဇာစ ပူဇနေယျာနံဖြစ်၍ ဝမ်းမြောက်စွာ ကြိုဆိုပါသည်။

၁။ မည့်သူရေးရေး မည့်သည့်အကြောင်းရေးရေး စာရေးခြင်းသည် ခေတ်မီသော လူမျိုး၏ ပြယုဂ်ဖြစ်ပါသည်။ မြန်မာဘလော့များ ပေါ်ထွန်းလာခြင်းကို ခြွင်းချက်အနည်းအကျဉ်း ရှိလင့်ကစား ကြိုဆိုသင့်  သောဖက်မှ ရပ်တည်ပါသည်။

၃။ ယခုတလော တွေ့ နေရသည်မှာ နီးစပ်ရာဘလော့များကို အရွေးစာရင်းတင်၍ လက်သင့်ရာစားတော်ခေါ်သည့်သဘော သက်ရောက် စေနိုင်သည့် ချို့ ယွင်းချက်များစွာကို တွေ့ နေရပါသည်။ ပမာဆိုရလျှင် နေ့ စဉ်ဘလော့များစွာနှင့် ရင်းနှီးနေသော သူပင်တရံတဆစ်မျှ မကြားဘူးသော ဘလော့တို့ အရွေးခံစာရင်းတွင်ပါဝင်ပြီး အမှန် ပါဝင်သင့် ကြောင်း လွယ်လင့်တကူ သိနိုင်သည့် ဘလော့တို မပါဝင်ကြောင်း တွေ့ ရပါသည်။အရွေးခံချင်လျှင် လှမ်းပြောပါ ဆိုသည့် အချက်သည် အစွန်းမလွတ်ပါ။

၎။ ယခုရွေးချယ်ပွဲကို ကမကထ ပြုလုပ်သူများအနေဖြင့် ကောင်းမြတ်သော ရည်ရွယ်ချက်ဖြင့် စေတနာသက်သက်လုပ်ဆောင်ချက်ဖြစ်ကြောင်း ခြွင်းချက်မရှိ ယုံကြည်လို ပါသည်။ထို့  အတွက်ပြင်ဆင်ဖွယ်ရာများကို ဖင့်နှေးတုန့် ဆိုင်းခြင်းကင်းစွာ လုပ်ဆောင်နေမည်ဟုလည်း အယုံအကြည်ရှိလို ပါသည်။

၅။ မြန်မာ့ဘလော့ဂါစာရင်း အပြည့်အစုံကို ရရှိရန် အလွန်ခဲယဉ်းသော အလုပ်မဟုတ်ပါ။ ကမကထ ပြုသူများ၏ နည်းပညာကျွမ်းကျင်မှုကို ဘလော့စီစဉ်ပုံနှင့် အပြင်အဆင် ကို ကြည့်ရုံမျှဖြင့် သိသာပေါ်လွင်လျှက်ရှိပါသည်။

၆။ ဖြစ်သင့်သည်မှာ အချိန်ယူစာရင်းပြုစု၍ တပြိုင်တည်း တာလွှတ်နိုင်ရန်သည် ဒိုင်၏ အဓိကတာဝန်ဖြစ်ပါသည်။

၇။ မည်သို့ ပင်ဖြစ်စေ မိတ်ဆွေဟူသည် လောကမှ လွတ်မြောက်ကြောင်းအထိ အသုံးတည့်သည် ဟူသော စကားနှင့်အညီ မိတ်ဆွေတို့ အား လေးစားကျေးဇူးတင်လျက် မိတ်ဝတ်မပျက် စိတ် အစဉ်တွင် ရှိနေပါမည်။

စာရေးရခြင်း ဦးတည်ချက်ကို လမ်းမလွှဲစေရန် နိဂုံးအနေဖြင့် ပြောလိုပါသည်။

နဂိုမူလကမှ အစုအစည်း အားနည်းသည့် မြန်မာ့အသိုင်းအဝိုင်းတွင် ၊နလံမထူနိုင်အောင် သိက္ခာမဲ့နေသော မြန်မာပြည်ကြီး ခေတ်ဆိုးခေတ်ကျပ် ရောက်နေချိန်တွင်

“မိမိဘလော့ အရွေးခံစာရင်းတွင်မပါ၍ လုပ်သမျှ အပြစ်ဆိုလိုသည့် သဘော “မသက်ရောက် စေလိုကြောင်း အလေးအနက် ဖော်ပြပါသည်။

“အကယ်တန္တု ကိုယ့်အုပ်စု အတွက် ကိုယ်လုပ်သည် “ဆိုလျှင်မူ ဤစာကို ကြိုတင်ရုပ်သိမ်းလိုပါသည်။

ခင်မင်လေးစားမှုများဖြင့်

××××××××××

ပြန်စာ

ဦး×××××× ခင်ဗျာ..

အခုလို စာရေး အကြံပေးတဲ့အတွက် များစွာ ဝမ်းမြောက်ရပါတယ်။ ကျွန်တော် တို့ ကြိုးစားနေပါတယ်. အားလုံး လက်ခံနိုင်မယ့် အကောင်းဆုံး အခြေအနေ တစ်ခုကို ဖတ် တီးနိုင်အောင်ပါ။ လောလောဆယ် မှာ အမြန်ဆုံးလုပ်လိုက်ရတဲ့ အတွက် လောသလို ဖြစ်သွားတာကို ဝန်ခံ ပါတယ်။ အဲလိုဖြစ်သွားရတဲ့ အကြောင်းရင်းကို လည်း အကို သိပြီးမှာပါ။ ကျွန်တော် တို့ အဲတာတွေ အတွက် အကောင်းဆုံး ဖြစ်အောင် တိုင်ပင် နေပါတယ်။ ဆိုလိုတာက အခုလို ဝန်းလုပ် ကူညီနေသူုတတွေ အားလုံးမစုံသေးလို့ အချိန် အတိုင်းတခု ဆိုလိုတာက နာရီပိုင်း တခုကိုစောင့်နေတာ။ စီစဉ်သူ တွေ တချို့က ၂ ရက်ရှိပြီ လုံးဝ မအိပ်ဘဲ လုံးပန်းနေရတာ နဲ့ မအိပ် ရသေးသူရှိသလို၊ လွန်ခဲ့တဲ့ တနာရီက မှ အိပ်သွားတဲ့သူလဲ ရှိနေလို့ပါ။ နောက် ၂ နာရီလောက် ဆို သူကိုပါ နိုးပြီး အားလုံး တိုင်ပင် ဆုံးဖြတ် ချက်တခု အမြန်ဆုံး ချသွားမှာပါ။

လောလောဆယ် မှာတော့

(၁) အကိုပြောထားတဲ့အချက်တွေ ကို သဘောတူပါတယ်။

(၂) ကျွန်တော် တို့တွေ အဲလို ဆွေးနွေးထားတာတွေရှိပါတယ်။ ဘယ်လိုလုပ်နိုင်မလဲ ဆိုတာပါ။

လုပ်နိုင်တာ ၂ ခုတော့ ယာယီ ဆွေးနွေူးထားတာတွေမှာက

(က) လက်ရှိမဲဆန္ဒတွေ ပယ်ဖျတ်ပြီး၊ ၂၀၀၉ ခုဇန်နဝါရီ လ ၁ ရက်နေ့မှ စဖို့

(ခ) မဲပေးတဲ့ရက် ကို တိုးမြှင့် ပေးဖို့ ဆွေးနွေူးထားပါတယ်။

အဲထဲက တခုခုတော့ ဖြစ်လာမှာပါ။ ဒ့ါပေမယ့် လူမစုံသေး တဲ့အတွက် ရှိတဲ့သူ ၃ ၄ ယောက်နဲ့ မလုပ်ဘဲ လူစုံအောင် အချိန်လေးတခု စောင့် ပြီး အများရဲ့ သဘောထားနဲ့ လုပ်ဖို့ စောင့်နေတာပါ။

အဲလောက်ဆို အကို အနေနဲ့ နားလည်ပေးနိုင်မယ်ထင်ပါတယ်။ နောက်တခုက ကြိုတင်တောင်ပန်ချင်တာက အခုစာမှာ အမှားအယွင်းပါခဲ့ရင်၊ စာလုံးပေါင်းကအစ ပါခဲ့ ရင် ကြိုတင်တောင်းပန်ပါတယ်။ ကျွန်တော် အမြန်ရေးလိုက်တာပါ။ စာပြန်မှာနောက်ကျမှာစိုးလို့ ကောင်းဆုံးဖြစ်အောင် အမြန်ဆုံးပြန်လိုက်တာပါ။

အခြေအနေအားလုံးကို နားလည်ပေးပါလို့ mmBlogPress Team ကိုယ်စား ကြိုတင်ပြောပါ့ရစေ..

အကြံညာဏ်ပေးတဲ့ အတွက် ကျေးဇူးတင်လျှက်

mmblogpress Team

____________________________________________________________

ပေးစာ (၂)

လူကြီးမင်းများခင်ဗျား

မသိလို့ တစ်ခု မေးလိုပါသည်။

မြန်မာစာပေဘလော့ဂ်ဆုတွင် စာရင်းပါဝင်သော ဘလော့ဂ် ၆ ခုလုံးအား ကျွန်တော် အတော်အသင့် လည်ပတ်ပြီးပါပြီ။ သို့သော် မရှင်းလင်းသည်များ ရှိလာပါ၍ မေးမြန်းအပ်ပါသည်။ ကျေးဇူးပြု၍ အချိန်ရလျှင် ရချင်း ဖြေပေးစေလိုပါသည်။
တစ်ချက်ပြုံးလျှင် … ဆိုတဲ့ ကိုရင်ညိန်း၏ ဘလော့ဂ်အား ဝင်ရောက်လည်ပတ်ကြည့်ရာ မြန်မာစာပေနှင့် ပတ်သက်တော့ တင်ပြမှု တစ်စုံတစ်ရာမျှ မတွေ့ရှိပါ၍ အဘယ်အကြောင်းကြောင့် မြန်မာစာပေ ဘလော့ဂ် ခေါင်းစဉ်အောက်တွင် သွတ်သွင်းထားကြောင်း သိပါရစေ။
ထို့အကြောင့် ဖွဲ့တည်ရာ အွန်လိုင်း မဂ္ဂဇင်းသည်လည်း သုတသေသန၊ သုတ၊ ရသ ဦးစားပေး မဂ္ဂဇင်း ဖြစ်ကြောင်း တွေ့ရသော်လည်း မြန်မာစာပေနှင့် ပတ်သက်သော တင်ပြမှု မရှိဘဲ မြန်မာလူမျိုး၊ မြန်မာယဉ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများသာ တွေ့ရပါသည်။ ထို ဘလော့ဂ်အား ထိုခေါင်းစဉ်အောက် ထည့်သွင်းထားခြင်းကိုလည်း နားမရှင်းပါခင်ဗျာ။
E Journal နှင့် စမ်းချောင်းဂျာနယ်များသည်လည်း ကျွန်တော် ဝင်ရောက်မွှေနှောက် ကြည့်သလောက် ထိုခေါင်းစဉ်နှင့် လားလားမျှ မသက်ဆိုင်ကြောင်း တွေ့ရပါသည်။
မSowha1 ဘလော့ဂ်မှာမူ မြန်မာစာလုံးပေါင်း နှင့် ပတ်သက်သော ပို့စ်များ တွေ့ရှိရသဖြင့် ထိုခေါင်းစဉ်နှင့် သင့်တင့်လျောက်ပတ်ကြောင့် တွေ့ရပါသည်။ ထို့အတူ ကိုပီကေ ဘလော့ဂ်တွင်လည်း မြန်မာစာပေဆိုင်ရာ ပို့စ် ၂၀ ကျော် တွေ့ရှိရ၍ လျော်ညီကြောင်းပါ။

အဘယ်အကြောင်းကြောင့် အထက်ပါ ဘလော့ဂ် (၄) ခုအား မြန်မာစာပေ ဘလော့ဂ်တွင် ထည့်သွင်းထားကြောင်း ရှင်းပြပေးစေလိုပါသည်။ ကျွန်တော်နှင့် အမြင်မတူသည်ဖြစ်၍ အလွန်တရာမှ သိလိုပါသည် ခင်ဗျား။

ထို့နောက် ကဗျာ ဟူသည် ရသစာပေ အမျိုးအစား ဖြစ်ပါလျက် ကဗျာဘလော့ဂ်၊ ရသစာပေဘလော့ဂ်ဟူ၍ နှစ်ခု ခွဲခြမ်းထားခြင်းမှာ အမြင်မတော်ဟု ထင်ပါသည်။ ဖြစ်သင့်သည်မှာ
ရသစာပေ - ကဗျာ ဘလော့ဂ်
ရသစာပေ - ဝတ္ထုတို ဘလော့ဂ်
ရသစာပေ - ဆောင်းပါး ဘလော့ဂ် ဟူ၍ လည်းကောင်း
သုတစာပေ - နည်းပညာ ဘလော့ဂ်
သုတစာပေ - ဘာသာရေး ဘလော့ဂ် …. စသဖြင့် ဖြစ်သင့်ကြောင်း ကျွန်တော်အမြင်အား တင်ပြလိုက်ရပါသည်။

လေးစားစွာဖြင့်

———-

ပြန်စာ

ကို×××××× ခင်ဗျား

ကျွန်တော်တို့၏ စီစဉ်ထားရှိမှုနှင့် MBAA 2008 Award Programme အပေါ် စိတ်ဝင်တစ်စားနှင့် အကြံပေး ဆွေးနွေးမှုများ ပြုလုပ်သည့် အတွက် ကျွန်တော်တို့ MM Blog Press Team မှ အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်ခင်ဗျာ။

အထူးသဖြင့် ကျွန်တော် တို့ ဆွေးနွေးလိုသည်မှာ ကျွန်တော် တို့ အနေဖြင့် ယခု ဆုပေးပွဲ လုပ်ရန် အတွက် စလျင်စချင်း အနေဖြင့်ပင် ကျွန်တော် တို့ ရင်ဆိုင်ရသည့် ပြဿနာမှာ အချိန်မလုံလောက်မှု ဆိုသော ပြဿနာပင်ဖြစ်ပါသည်။ ကျွန်တော်တို့သည်လည်း ကျောင်းတစ်ပိုင်း၊ အလုပ်တစ်ပိုင်း၊ ဘလော့ရေးခြင်း တစ်ပိုင်းနှင့် ကိုယ်ပိုင် အလုပ်များနှင့် ရှုပ်ရှက်ခတ်နေသည့်ကြားမှ ထိုပွဲအား စ စီစဉ်ရန် အတွက် အချိန်ကို ကြည့်လိုက်မိချိန်တွင် အတော်ပင် နောက်ကျနေပြီဆိုသည်ကို သတိထားမိခဲ့ကြပါသည်။ အဘယ့်ကြောင်း ဆိုသော် ၂၀၀၈ ခုနှစ် အတွက် အကောင်းဆုံး မြန်မာ ဘလော့ဂ်များ ဟု အမည်စတပ်ကတည်းကပင် ကျွန်တော် တို့ ဆုပေးပွဲ စတင်ရန် ကြံစည်ချိန်မှ စရေတွက်သော် ၂၀၀၈ ကုန်ရန် အတွက် ၆ ရက်မျှသာ အချိန်ကျန်တော့ကြောင်းနှင့် ဟိုဘက် ၂၀၀၉ ခုနှစ်ထဲသို့ လနှင့်ချီဝင်ပြီးမှ ၂၀၀၈ အတွက် အကောင်းဆုံး ဘလော့ဂ် ဆိုသည်ကိုလည်း ပေးရန် မသင့်ကြောင်း ကျွန်တော် တို့အားလုံး သဘောတူ ညှိနိုင်းခဲ့ကြပါသည်။

ကျွန်တော် တို့ အနေဖြင့် ဆိုဒ်အပြင်ဆင် စီစဉ်ခြင်း၊ ဘလော့ဂ် အမျိုးအစားခွဲခြားခြင်းနှင့် ဆုအမျိုးအစားခွဲခြားခြင်း လုပ်ငန်းများအား အချိန်တိုအတွင်း တက်သုတ်ရိုက် စီစဉ်ခဲ့ကြရပါသည်။ ဤ နေရာတွင် ကျွန်တော် တို့ စီစဉ်ဆောင်ရွက်ရသည့် အပိုင်းများအားလုံး အနေဖြင့် စာပေဆိုင်ရာ အယူအဆများ အားလုံး ပါဝင်သည့် နည်းတူ၊ ထိုအရာများအားလုံးကိုလည်း နည်းပညာ ဖြင့် ဟန်ချက်ညီအောင် ပေါင်းစပ်ပေးနိုင်ရန် လိုသည်ကို သတိမူခဲ့ကြပါ၏။ သို့အတွက် အင်တာနက်ပေါ်တွင် ရှိပြီးဖြစ်သည့် နိုင်ငံတစ်ကာရှိ ဘလော့်ဂါများ၊ သတင်းဆိုဒ်များ စသည့်.. ဝဘ်ဆိုဒ် အမျိုးမျိုးတို့အား စာဖတ်သူတို့ စိတ်ကြိုက် ဆန္ဒမဲများဖြင့် သတ်မှတ်ပြီး နှစ်စဉ် ဆုပေးနေသော ဝဘ်ဆိုဒ်အမျိုးအစားပေါင်း ၁၀ ခုကျော်အား လေ့လာကြည့်ရှုခဲ့ကြပါသည်။ ထို့နောက် ထို့ဆိုဒ်များအားလုံး တို့ထံမှ မိမိတို့ နှင့် အသင့်လျော်ဆုံးဖြစ်မည့် နည်းစနစ် နှင့် အကြံဥာဏ်များအား ရယူအသုံးပြုရန် အားလုံးပင် သဘောတူခဲ့ကြပါသည်။

ထိုဆုံးဖြတ်ချက်အရ ကျွန်တော်တို့ မြန်မာ ဘလော့ဂ်များအား အမျိုးအစားခွဲရန်အတွက် စတင်ရှာဖွေ ကြိုးစားချိန်မှာပင် ပြဿနာ အကြီးကျယ် တက်လာသည်ကို ကျွန်တော်တို့ စ တွေ့ရပါတော့သည်။ များသောအားဖြင့် မြန်မာဘလော့ဂ်များအနေဖြင့် စာပေအမျိုးအစား တစ်ခုတည်းအား သတ်သတ်မှတ်မှတ် ရေးနေကြသည့် ပုံစံ လုံးဝ မရှိသေးသည်ကို တွေ့ရပါသည်။ အဓိကအားဖြင့် မြန်မာ ဘလော်ဂါများ ရေးသားနေကြသည့် ပုံစံမှာ ဒိုင်ယာယီ ၏ အခြေခံသဘောသဘာဝ ပုံစံ. မိမိတစ်နေ့တာ ကြုံတွေ့ရသည်များကို စာဖတ်သူ ဖတ်ကောင်းအောင် ရေးသားသည့် ပုံစံများက အများဆုံး ဖြစ်နေသည်ကိုတွေ့ရပါသည်။ ထိုအထဲမှ အချို့ ဘလော်ဂါများ အနေဖြင့်လည်း မိမိဝါသနာပါရာ ဘာသာပြန်၊ ဟာသ၊ နည်းပညာ စသဖြင့် ပို့စ်များကို ကြိုကြားကြိုကြား ကြားညှပ် ရေးရင်း၊ ဟင်းချက်နည်း၊ မွေးနေ့ပွဲ များနှင့် တစ်ခါတစ်ရံလည်း တဂ် (Tag) ဆိုသော ဘလော့ဂ် ရေးသူ အချင်းချင်း စိတ်ဝင်စားရာ ခေါင်းစဉ် တစ်ခုပေး၊ မည်သည့် စာပေ အမျိုးအစားအောက် ကိုထည့်သွင်းရမှန်း မသိသည့် ဘလော့ဂင်း ဆိုသည့် ဘလော့ဂ် ပေါ်တွင်သာ တွေ့ရသည့် စာပေအမျိုးအစားများကို လည်း တွေ့ရပါသည်။

ဘလော့ဂ် ရေးသူ ဘလော်ဂါများအနေဖြင့်လည်း ပရိုဖက်ရှင်နယ် စာပေရေးသားသူများ မဟုတ်ကြပဲ အပျော်တမ်းနှင့် မိမိ၏ ဝါသနာကို မှတ်တမ်းသဘောမျိုး၊ မိမိသိသည်ကို မျှဝေလိုသည့် ဆန္ဒအရင်းခံပြီး စာရေးသည့်သူ အမျိုးအစားများသာ ဖြစ်ကြသဖြင့် ထိုအရာများ အားလုံးတို့အတွက် စာရေးဘလော့ဂ် ရေးသူ၊ ဘလော်ဂါများကိုလည်း အပြစ်တင်ရန် မရှိသည်ကို ကျွန်တော် တို့အားလုံး သဘောပေါက်မိကြပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော် တို့ ကိုယ်၌ပင် ဘလော်ဂါများ တစ်ပိုင်းဖြစ်ကြပြီး တစ်ခါတစ်ရံတွင် မိမိရေးလိုက်သော စာအမျိုးအစားကို မည့်သည့် ကဏ္ဍအောက်တွင် ထည့်သွင်းရမည် မသိသော ပြဿနာများကို နေ့တဓူဝ ကြုံတွေ့ခဲ့ကြဖူး၍ ဖြစ်ပါသည်။

(၁) ထိုတွေ့ကြုံရသော ဘလော့ဂ်နှင့် အင်တာနက် ဆိုင်ရာ အသိအမြင်များအရ ကျွန်တော်တို့ အဖွဲ့ အနေဖြင့် ဘလော့ဂ်များအား သရုပ်သဏ္ဍာန် ခွဲခြားရန် အတွက် ပြင်ပတွင် ရှိသော Press Media ဟုခေါ်သည့် ပုံနှိပ်စာပေနယ်ပယ်မှ သတ်မှတ်ချက်၊ ဥပဒေသများအားလုံးအတိုင်း အတိအကျကို လိုက်လံခွဲခြားခြင်း နည်းဖြင့် အသုံးပြုခွဲခြားနိုင်မည်မဟုတ်ပဲ Blog Media Press ဘလော့ဂ်ဂင်း မီဒီယာ၏ လက်ရှိ အနေထားနှင့် ဥပဒေသ ပုံစံအရ ယေဘူယျ အရောင်ကဲသဖြင့် ခွဲခြားသည့် နည်းကို သုံးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဥပမာ အနေဖြင့် ဘလော့ဂ်တစ်ခုတွင် ပို့စ်ပေါင်း ၁၀၀ အနက်၊ ကိုယ်ရေးကိုယ်တာ၊ ဒိုင်ယာယီ ဆန်ဆန် ရေးထားသော ပို့စ်များ၊ တဂ် ထားသောပို့စ်များ၊ ထမင်းဟင်း ချက်နည်းနှင့် မွေးနေ့ ဆုတောင်းများမပါ ကဗျာ အပုဒ်ပေါင်း ၃၊၄ဝ ခန့်တွေ့သည် ဆိုလျင်ပင် ထိုဘလော့ဂ်အား ကဗျာ ကဏ္ဍအောက်သို့ ထည့်သွင်းရန် စည်းမျဉ်းသတ်မှတ်ခဲ့ကြပါသည်။ (ထိုသို့ပြောသဖြင့် ကျွန်တော်တို့ ဘလော့ဂ် တစ်ခုချင်းစီ အလိုက် Analysis လိုက်လုပ်ကြည့်နိုင်ကြမည် ဟု မထင်မှတ်စေလိုပါ။. ဘလော့ဂ် တိုင်းတွင် သူရေးသော စာများအား ကဏ္ဍ အလိုက် ပို့စ် အရေအတွက်ခွဲထားခြင်းများ ရှိသဖြင့် ထိုအရ ကြည့်ရှုကာ ကျွန်တော်တို့ ဆုံးဖြတ်ပါသည်။ )

(၂) နောက် ကိုပုညထောက်ပြသော အချက်ဖြစ်သည့် မြန်မာစာပေဘလော့ဂ်များ ဆိုရာတွင် မြန်မာစာပေသက်သက်ကို တင်ပြရေးသားနေသော ဆိုဒ်များဟု မဆိုလိုပါ။ စာပေပုံသဏ္ဍန် အဟောင်းအသစ်များဖြင့် တင်ပြပေးနိုင်ခြင်း၊ ဘာသာစကားဆိုင်ရာ ထူးခြားသော ချဉ်းကပ်မှုရှိခြင်းတို့ကို ကြည့်ပါသည်။ ဥပမာ - ကိုရင်ညိန်း၏ မေတ္တာစာ ရေးဖွဲ့မှုကို ကြည့်ပါ။ ထိုပုံစံမျိုး ရေးနိုင်သော ဘလော်ဂါ မတွေ့သေးပါ။ သို့ အတွက် ကျွန်တော်တို့ စတင်ကြံစည်သော စိတ်ကူး ဖြစ်သည့် ပေးမည့် ဆုများ အတွက် ကဏ္ဍစုံ၊ ဘလော့ဂ် စုံ တတ်နိုင်သမျှ ပါနိုင်ရေး မူအရ အထက်ပါ ဘလော့ဂ် အမျိုးအစားလောက်ကိုမျှ ထိုကဏ္ဍ အောက် မထည့်သွင်းလျင် အဆိုပါ ကဏ္ဍ တွင် ဘလော့ဂ်၏ အရေအတွက်နည်းခြင်း၊ မပြည့်စုံခြင်းနှင့် ဘလော့ဂ် ၁ ခု၊ ၂ ခုသာဖြစ်နေခြင်း ဆိုသော အချက်အရ ပြိုင်ပွဲ ပုံစံ မမြောက်မည့် အခြေအနေကိုလည်း ရှောင်ရှားရန် ထိုသို့ ထည့်သွင်းရခြင်း ဖြစ်ပါသည်။

(၃) သို့သော် e-Journal ကို ထိုစာရင်းထဲ ထည့်ခြင်းအတွက်မူ အမှန်တစ်ကယ်အားဖြင့် မသင့်တော်ကြောင်း တွေ့ရပါသည်။ သို့ရာတွင် ဘလော့ဂ်ပိုင်ရှင် ကိုယ်တိုင် ကပင် မြန်မာစာပေ အောက်၌ ထည့်သွင်းပေးရန် တောင်းဆိုသောကြောင့် ထည့်သွင်းပေး ထားခြင်းသာ ဖြစ်ပါသည်။ ထိုသို့ပြောဆိုသဖြင့် ကျွန်တော်တို့ အနေဖြင့် ဘလော့ဂ်ရေးသူက ပေးချင်သည့် ဘလော့ဂ်ကို ထည့်စေချင်သော ကဏ္ဍအောက်မှာ ထည့်သွင်းပေးရန် တောင်းဆိုရုံမျှဖြင့် အခြေအနေအားလုံး အတွက် ထည့်သွင်း လုပ်ဆောင်ပေးနေသည်ဟု မဆိုလိုပါ။ ထိုအခြေအနေအတွက် ကျွန်တော်တို့ ရည်ရွယ်သည်မှာ ကျွန်တော်တို့ ပြိုင်ပွဲသည် ဝင်ပြိုင်သူ စိတ်ကြိုက်လည်း ပြိုင်နိုင်သည့် ပြိုင်ပွဲ ဖြစ်ကြောင်း အသိပေးလိုရင်း သာဖြစ်ပြီး ထိုသူ၏ ဆန္ဒနှင့် ကျွန်တော်တို့ သတ်မှတ်ချက်များ အလွန်အမင်းဆန့်ကျင်မနေပဲ ကွာဟချက် ကြီးကြီးမားမား ရှိမနေလျင် ခွင့်ပြုပေးခြင်း ဟုသော အနေအထားတစ်ရပ်သာ ဖြစ်ပါသည်။ ဥပမာ ဆိုရလျင် မီတာ ၁၀၀ ပြိုင်ပွဲပြေးနေကျ အပြေးသမားတစ်ဦးကို သူ၏ ဆန္ဒအရ မီတာ ၄၀၀ ပြိုင်ပွဲ ဝင်ချင်လျင်လည်း ခွင့်ပြုသည့် သဘောမျိုးဖြစ်ပါသည်။

(၄) နောက်ဆုံး ကိုပုည၏ ထောက်ပြပြောဆိုချက်ဖြစ်သည့် ရသ၊ သုတ နှင့် နည်းပညာ ဘလော့ဂ်များ ခွဲခြားထားပုံ နှင့် ပတ်သက်၍ ကျွန်တော်တို့ ရှင်းလင်းလိုသည်မှာ ထိုအရာများ အားလုံးကို ကျွန်တော်တို့ ၏ နည်းပညာ ဆိုင်ရာ လိုအပ်မှု တစ်ခုဟုပင် ပြောဆိုရပါမည်။ ဆိုလိုသည်မှာ ကျွန်တော်တို့ မူလကတည်းက ကိုပုညပြော ဆိုသော အဆင့် (၁) ဘလော့ဂ်များအား အထွေထွေပုံစံခွဲခြားခြင်းဖြင့် ဦးစွာ ခွဲခြားရေး (၂) ပြီးနောက် အထွေထွေ ပုံစံမှသည့် အသေးစိတ် ပုံစံ ကဏ္ဍ ခွဲခြားရေး ဖြင့် သတ်မှတ်ထားရှိမည်ဟု ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သော်လည်း အကယ်၍ ထိုအဆင့်များအတိုင်း ကျွန်တော်တို့ ကဏ္ဍ ခွဲခြားပြသထားမည် ဆိုလျင် ကျွန်တော်တို့ ၏ ပြိုင်ပွဲ ဆိုဒ်သို့ လာရောက် လည်ပတ်သူများ အနေဖြင့် မိမိသွားလိုရာနေရာကို သွားလာရာတွင် တစ်ဆင့်ပြီးတစ်ဆင့်သွားရမည့် ပုံစံ ဖြစ်သွားမည်ဖြစ်ပြီး အချို့ မသိနားမလည်သူများ အနေဖြင့်လည်း ထိုကဏ္ဍ သုံးခုသာ ခွဲခြားထားသည် ဟု အထင်မှားဖွယ် ဖြစ်လာနိုင်သည့် အရေးကို တွေးတောမိကြပါသည်။

ရှင်းလင်းရမည် ဆိုလျင် ယခု ကိုပုည မြင်တွေ့နေရသော ပုံစံဖြစ်သည့် ကဏ္ဍအလိုက် မဲပေးရန် ဆိုသည့် အောက်တွင် ကျွန်တော်တို့၏ ပထမဆုံးဖြတ်ချက်နှင့် ကိုပုည အကြံပေးချက် အတိုင်း ကဏ္ဍ သုံးခုအား ဦးစွာ ခွဲလိုက်မည် ဆိုပါက စာဖတ်သူများ အနေဖြင့် ကဏ္ဍ ကြီး သုံးခုကိုသာ ဦးစွာ တွေ့မြင်ကြရမည် ဖြစ်ပြီး ကဏ္ဍ ငယ်များအား သွားရန်အတွက် ထို ကဏ္ဍ ကြီးသုံးခုကို ဦးစွာ ကလစ်ရပါမည်။ ထိုနောက်မှ အတွင်းထဲမှ ကဏ္ဍ ငယ်များကို တွေ့ရမည် ဖြစ်ပြီး ထိုကဏ္ဍငယ် တစ်ခုစီအောက်ရှိ ပါဝင်သော ဘလော့ဂ်များကို ကြည့်ရှုရန် အတွက် တစ်ဖန် နောက် တစ်ဆင့် ထပ်သွားရပါမည်။

ကျွန်တော်တို့ အနေဖြင့် စာဖတ်သူများအား ပိုမိုလွယ်ကူသော နည်းစနစ်နှင့် User Friendly ဖြစ်ခြင်းဟူသော အခြေအနေတစ်ရပ်ကိုသာ ပေးလိုခြင်း၊ မလိုအပ်ပဲ အချိန်ကုန်မှုမှ သက်သာစေခြင်း (ကျွန်တော်တို့ ဆိုဒ်တွင်လည်း ရုပ်ပုံများစွာကို ထည့်သွင်းထားရမှု အရ အဆင့်တစ်ဆင့် နှင့် တစ်ဆင့် အကူးအပြောင်းတွင် အတန်ကြာ စောင့်ရလေ့ရှိပါသည်) စသည့် အကျိုးကျေးဇူးများကို ရရှိစေလိုခြင်း. ရည်ရွယ်ချက်များဖြင့် ကဏ္ဍ ကြီးများ မခွဲတော့ပဲ ကဏ္ဍငယ်များအားသာ တစ်ပါတည်း တိုက်ရိုက်ခွဲပြီး ကလစ် (Click) အနည်းဆုံးဖြင့် မိမိသွားလိုရာ ရောက်ရေး၊ မဲပေးရမည့် ကဏ္ဍများကို အလွယ်တစ်ကူ သိမြင်နိုင်ရေး ဆိုသော ရည်ရွယ်ချက်သို့သာ ဦးတည်ခဲ့ကြပါသည်။

မည်သို့ပင်ဖြစ်စေ. ကိုပုည ထောက်ပြသော အမျိုအစားခွဲခြားမှုများမှာ အတော်ပင် ပြည့်စုံကောင်းမွန်ပြီး ငြင်းပယ်ဖွယ် မရှိသည်ကိုလည်း ကျွန်တော်တို့ လက်ခံပြီး ဖြစ်ပါသည်။ MM Blog Press Team အနေဖြင့် နောင်လာမည့် နှစ်များတွင် ကျွမ်းကျင်သော အသိပညာရှင် အတတ်ပညာရှင်များ၊ အခြားအခြားသော စာပေဆိုင်ရာ၊ ဘလော့ဂ်နည်းပညာ ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်သူများ အား ဖိတ်ခေါ်၍ ဆွေးနွေး တိုင်ပင် ညှိနိုင်းကာ ဘလောဂ့်များအား သရုပ်သဏ္ဍာန် ခွဲခြားခြင်းကို ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လေ့လာမှုပြုပြီး အသေးစိတ် ကြည့်ရှု ဆွေးနွေး ထည့်သွင်းစဉ်းစားသွားကြပါလိမ့်မည်။

ခြုံငုံပြောဆိုလိုသည်မှာ MM BLog Press ၏ MBAA 2008 Award Programme ကို စီစဉ်ရာတွင် တိုတောင်းသော အချိန်အတွင်း အချိန်မှီ ပြင်ဆင်ခဲ့ ရခြင်း ကြောင့် လစ်ဟာမှုများစွာရှိခဲ့ သော်လည်း ကျွန်တော်တို့၏ စီစဉ်မှုများအပေါ်တွင် လူအများနှင့် တစ်ကွ အဖွဲ့ဝင်များ၏ အချင်းချင်း သုံးသပ်ဝေဖန်မှုများ၊ အင်တာနက် နှင့် ဘလော့ဂ် ဆိုင်ရာ၊ စာပေဆိုင်ရာ အယူအဆများနှင့် အတူ ထိုကဲ့သို့… ထိုကဲ့သို့ စီစဉ်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း အထက်ပါ အချက်များနှင့် အတူ အသိပေး အကြောင်းကြား၊ အဖြေပေးလိုက်ရပြီး၊ နောက်များတွင်လည်း ယခုလိုပင် လိုအပ်ချက်များ အမြင်မတော်သည်များ ရှိပါကလည်း အကြံပေးဝေဖန်၊ ထောက်ပြဆွေးနွေးခြင်းများ ပြုလုပ်ပါမည့် အကြောင်း လေးစားစွာ အသိပေးလိုက်ရပါကြောင်း ကိုပုညခင်ဗျား။

ကျေးဇူးတင်ပါသည်ခင်ဗျား။

လေးစားလျှက်

MM Blog Press

______________________________________________________

ပေးစာ (၃)

ကျနော်က

blog တခုကို ပြိုင်ပွဲဝင်စေချင်လို့ပါ။ အဲ့ဒီ blog က myanmarisp.com ပါ။ စာအုပ်ကောင်းတွေကို တင်ပေးထားလို့ ကျနော်က ကြိုက်တာပါ။
ဒီ blog ကို ( မြန်မာစာပေ) ခေါင်းစဉ်အောက်က ၀င်ပြိုင်စေချင်တာပါ။ အဲ့ဒါကြောင့် ဒီပြိုင်ပွဲထဲမှာ ထည့်စေချင်တာပါ၊

××××××
မင်နီဆိုးတားပြည်နယ်
အမေရိကန်ပြည်ထောင်စု

ပြန်စာ

ကို×××××ခင်ဗျား

ကျွန်တော်တို့ ပြိုင်ပွဲကို အခုလို စိတ်ဝင်တစ်စားနဲ့ အားပေးကူညီတဲ့ အတွက် ကျေးဇူး အထူးတင်ရှိပါသည် ခင်ဗျား။ အခု ကို×××××× အကြံပေးတဲ့ myanmarisp.com ကို ကျွန်တော်တို့လည်း ကောင်းစွာ သိကျွမ်းမှုရှိပြီး၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဆိုပါ ဆိုဒ်၏ ပရိတ်သတ်များ တစ်စိတ်တစ်ပိုင်း ဖြစ်ကြပါသည်။ ပြဿနာမှာ ကျွန်တော်တို့ အနေဖြင့် မြန်မာအိုင်အက်စ်ပီ ဆိုဒ်အား ဝဘ်ဘလော့ဂ် တစ်ခု အဖြစ် သတ်မှတ်ရန် အခက်အခဲ ရှိနေခြင်းပင်ဖြစ်ပါသည် ကို×××××ခင်ဗျား။ ဆိုလိုသည်မှာ မြန်မာ ဝဘ်ဆိုဒ်ကြီးများ ဖြစ်ကြသော ဧရာဝတီ၊ မဇ္ဇျိမ နှင့် အခြား အလားသဏ္ဍာန်တူသော ဆိုဒ်ကြီးများ ကဲ့သို့ပင်ဖြစ်ပါသည်။ အဆိုပါ ဆိုဒ်ကြီးများကို ကျွန်တော် တို့ ပြိုင်ပွဲတွင်ထည့်သွင်းရန် မသင့်တော် သကဲ့သို့၊ ကျွန်တော်တို့ အနေဖြင့်လည်း ထည့်သွင်းခြင်း ပြုရန် ပင် မစဉ်းစားခဲ့ကြပါ။ ဆိုလိုသည်မှာ ကျွန်တော်တို့ ရဲ့ပြိုင်ပွဲသည် ဘလော်ဂါ ဆိုသော အထူးသဖြင့် တစ်ဦးချင်းအများစုနှင့် ဝါသနာရှင် ဟု သတ်မှတ်သင့်သော အမျိုးစား ဝဘ်ဆိုဒ်ငယ်များ ကိုသာ ပြိုင်ပွဲအတွင်းသို့ ထည့်သွင်း ကျင်းပခြင်းဖြစ်ပါသည်ခင်ဗျာ။

သို့ဖြစ်၍ ကို×××××× အကြံပေးသည့် မြန်မာ အိုင်အက်စ်ပီအား ပြိုင်ပွဲ အတွင်း ထည့်သွင်းရန် အခက်အခဲဖြစ်နေသည့် ကိစ္စနှင့်ပတ်သက်၍ ကျွန်တော်တို့အား နားလည်ပေးနိုင်လိမ့်မည် ဟု ယုံကြည်မိပါသည်ခင်ဗျား။

ကျေးဇူးတင်ပါသည်

လေးစားစွာဖြင့်

mmBlogPress Team

1 Response

  1. mindthemind:

    ပထမ အကြိမ် ဘလော့ဂါ ဆုပေးပွဲ တခုတော့ ဖြစ်မြောက်သွားပြီပေါ့။ ပါဝင် ဆောင်ရွက် ကြသူအား လုံးကို လေးစား ခြီးကျူးပါတယ်။ မိမိ တို့ ရဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲများ
    ကြားကနေ မိမိတို့ ရဲ့ အဖိုးတန်ကိုယ်ပိုင်အချိန်တွေကို ပေးဆပ်ပြီး ၀ါသနာအလျောက်၊မေတ္တာ
    စေတနာတွေနဲ့ မြန်မာဘလောက်ဂါတွေရဲ့ တိုးတက်ဖွံ့ ဖြိုးမှုကို ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ
    တွေအတွက် မှတ်တမ်းတင်ဂုဏ်ပြုထိုက်တယ်လို့ ယူဆမိပါတယ်။
    အတွေ့ အကြုံတခုကိုတည်ဆောက်ခဲ့ပြီမို့ နောက်ဆက်ဆောင်ရွက်မယ့် ဒုတိယအကြိမ်ဆုပေး
    ပွဲအတွက် စဉ်းစားစရာတွေ၊ ပြင်ဆင်စရာတွေ တွေ့ ပြီး ပိုမို အဆင်ပြေ ကောင်းမွန်ပြီး အများစု
    လက်ခံနိုင်မယ့်၊ မဲပေးသူများ ပိုပြီးများလာနိုင်မယ့် အစီအစဉ်တွေကို ချမှတ်အကောင်အထည်
    ဖေါ်နိုင်မယ်လို့  မျှော်လင့်မိပါတယ်။
    တကယ်တော့ ဒီဆုပေးပွဲအကြောင်းသိတာ နောက်ကျသွားတာမို့  မဲပေးတဲ့သူများစာရင်းထဲမှာ
    ကျွန်တော်တယောက်မပါခဲ့တာကိုတော့ ၀န်ခံ ရင်းတောင်းပန်လိုပါတယ်။
    အောက်ပါအချက်အလက်အချို့ ကို အကြံပေးလိုပါတယ်။ စဉ်းစားပြီးသားဖြစ်နေရင်လည်း
    ဆရာလုပ်တယ်လို့ သဘောမထားဘဲ ခွင့်လွှတ်ရင်းနဲ့  ဥပေက္ခာသာ ပြုလိုက်စေလိုပါတယ်။
    (၁) လက်ရှိ ဆုပေးခေါင်းစဉ်အောက်မှာ ထည့်သွင်းလို့ မရတဲ့ဘလောက်တွေကို အထွေထွေ
    ကဏဖွင့်ပြီး အဲဒီခေါင်းစဉ်အောက်မှာ စုစည်းလို့ ရနိုင်ပါတယ်။
    (၂) ဘလောက်ဂါအရေအတွက်များလွန်းနေမှာစိုးလို့  ဘလောက်ဂါတွေရဲ့ သက်တမ်းနဲ့ 
    တနှစ်စာတင်ထားတဲ့ ပို့ စ် အရေအတွက်ကို ကန့် သတ် သတ်မှတ်သင့်-မသင့်
    (၃) လူတိုင်းဘလောက်တိုင်းကို မလည်ပတ်နိုင်တဲ့အတွက် ဆုပေးအဖွဲ့ ဝင်တွေက ကဏ
    အလိုက် လူကြိုက်များဘလောက် (၁၀) ခုစီရွေးချယ်ပြီး ထို (၁၀)ခုထဲကမှ မဲပေးစေ
    လျှင် မဲပေးခံရမယ့် ဘလောက်ဂါများအတွက် ပိုပြီး မျှတမှု ရှိမလေမလားလို့ ထင်မိ ပါ
    တယ်၊ ပို့ စ် တခု-၂ခု မျှဖတ်ပြီး မဲပေးတာမျိုးမဖြစ်အောင်လို့ ပါ။
    (၄) ဖြစ်နိုင်လျှင် မြန်မာဘလောက်ဂါအားလုံးရဲ့ လင့်က်ကို စာရင်းပြုစုပေးထားတဲ့ ၀ဂ်ဆိုက်
    တခုများဖွင့်ထားနိုင်လျှင် ကျွန်တော်တို့ လို လူမျိုးများအတွက် လည်ပတ်ရ လွယ်မလား
    လို့ ပါ။ မဲပေးချင်သူတွေအတွက်လည်း ကိုယ်မလည်ပတ်ဖူးတဲ့ ဘလောက်တွေကို လွယ်
    လွယ်ကူကူ လည်နိုင်တာပေါ့။
    (၅) အဖွဲ့ ဝင်တွေက ရွေးချယ်ထားတဲ့ ဘလောက်ဂါ (၁၀)ယောက်စီ ထဲမှာမပါလို့ ၊ ဒါမှမဟုတ်
    (၁၀)ယောက်မပြည့် တဲ့ ခေါင်းစဉ်အောက်မှာ တစုံတယောက်က စာရင်းသွင်းဖို့ အကြံပြု
    လာလျှင် အခြားထောက်ခံသူ (ဦးရေသတ်မှတ်ပြီး) ထက်မနည်း အကြံပြုလာပါက ဆုပေး
    အဖွဲ့ ဝင်များက (မဲစပေးရန် သတ်မှတ်ရက်မကျော်သေးပါက ) သက်ဆိုင်ရာ ဘလောက်ဂါ
    ၏ ဆန္ဒကို ယူပြီး စာရင်းဖြည့်စွက်ပေးရန်။ (အမှတ်စဉ် (၇)ကိုလည်းရည်ညွှန်း)
    (၆) မဲပေးရန်ဘလောက်ဂါစာရင်းတင်လိုက်တဲ့အခါ မြန်မာအက္ခရာစဉ်အရဖြစ်စေ၊ ဘလောက်
    ဂါသက်တမ်းအရဖြစ်စေ ထက်အောက်စဉ်ပါက အထင်လွှဲခြင်း သံသယဖြစ်ခြင်း နှင့် ဦးစား
    ပေးခြင်း မှ ကင်းဝေးစေမည်ဖြစ်ပါသည်။
    (၇) ဆုရွေးချယ်ရေးအဖွဲ့ ဝင်များပြုစုထားတဲ့ ဘလောက်ဂါ (၁၀)ဦးထဲမှ မိမိဆန္ဒအလျောက်
    စာရင်းမှ ပါယ်နှုတ်လိုသည့်ဘလောက်ဂါကိုလည်း ၄င်း၏ဆန္ဒအတိုင်း စာရင်းမှ ဖြုတ်ပေး
    ရန်။

    Posted on January 17th, 2009 at 10:04 pm

Leave a Reply