MBAA 2008 ၏ ဆုများကို ဆုရရှိသူ ဘလော်ဂါများ ထံသို့ ပေးအပ် ချီးမြှင့်ခြင်း

MBAA-2008 logo
MBAA-2008 logo

(၁) မြန်မာဘလော်ဂါပရက်စ် မှ ကြီးမှုးကျင်းပ၍ မြန်မာသတင်းသမဂ္ဂမှ ပေးအပ်ချီးမြှင့်သော “အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီဆု (၂၀၀၈)” မဲပေးခြင်း အစီစဉ်အား ဒီဇင်ဘာ (၂၅) ရက်နေ့၊ ၂၀၀၈ ခုနှစ် ၊ မြန်မာ စံတော်ချိန် နံနက် (၀၇း၀၀) နာရီ တွင် စတင်ကျင်းပခဲ့ပါသည်။

(၂) မဲပေးရန်ကဏ္ဍပေါင်း (၁၁) ခု နှင့် မဲပေးခံ ဘလော့ဂ်ပေါင်း (၁၇၀) ခု တို့ပါဝင်ခဲ့ကာ မဲပေးခဲ့သူပေါင်း (၇၈၃၈) ဦး၊ လက်ခံ ရရှိသော စုစုပေါင်း မဲအရေအတွက် (၇၇၁၅) မဲ၊ ပယ်ဖျတ်ခဲ့သည့် မဲ အရေအတွက် စုစုပေါင်း (၃၀၄၆) မဲ နှင့် အသားတင် ကျန်ရှိမဲ (၄၆၆၉) မဲတို့ဖြင့် ဇန်နဝါရီ (၁၀) ရက်နေ့၊ ၂၀၀၉ ခုနှစ် ၊ မြန်မာ စံတော်ချိန် ည (၁၂း၀၀) နာရီ တွင် မဲပေးခြင်း အစီအစဉ်ကို ပိတ်သိမ်း ခဲ့ပါသည်။

(၃) မဲများအား ရေတွက်ရာတွင် ဖြစ်နိုင်သမျှ အသန့်ရှင်းဆုံး နှင့် အမှန်ကန်ဆုံး ဖြစ်စေရေး ကိုရေးရှု၍ မဲစိစစ်ရေး ဘုတ် အဖွဲ့ဖြင့် မဲများရေတွက်ပြီး ကဏ္ဍအလိုက် ဆု ရရှိသူများ စာရင်းကို ထုတ်ပြန် ကြေညာရန် ဆုကြေညာ မည့် အချိန်ကို မူလ သတ်မှတ်ထားချိန်ထက် (၂၄) နာရီ တိတိ နောက်သို့ ရွှေ့ဆိုင်း သတ်မှတ် ခဲ့ပါသည်။

(၄) အပြီးသတ် အနေဖြင့် မြန်မာဘလော့ဂ် လောကရှိ ဘလော့ဂ်ဖတ်သူများ၊ ဘလော့ဂ်ရေးသူများ အားလုံး တို့၏ ပူးပေါင်း ပါဝင် ဆောင်ရွက်မှုများဖြင့် ခရစ် သက္ကရာဇ်၂၀၀၈ - ခုနှစ် အတွက် “အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီဆု”ရရှိ သူများစာရင်းကို မြန်မာ သက္ကရာဇ် ၁၃၇၀ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၂) ရက်၊ ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ ၊ နေ့လည် ၁၂း၀၀ နာရီ တိတိ တွင် ဖွင့်လှစ် ကြေညာခဲ့ပြီး ဆုရသူများစာရင်းအား တစ်ပတ်အတွင်း ကန့်ကွက် လိုသူများ ရှိပါက ကန့်ကွက်နိုင်ကြောင်း တို့ကိုပါ တစ်ပါတည်း ကြေညာခဲ့ပြီး ဖြစ်ပါသည်။

(၅) ယနေ့ မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၈) ရက်၊ ခရစ်သက္ကရာဇ် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ (၁၈) ရက်နေ့ တွင် မြန်မာဘလော့ဂါပရက်စ် မှ ကြေညာခဲ့ပြီး ဖြစ်သည့် အတိုင်း ခရစ် သက္ကရာဇ်၂၀၀၈ - ခုနှစ် အတွက် “အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီ” ဆုရ ဘလော့ဂ်များ စာရင်းပါ ဘလော်ဂါများအား ကန့်ကွက်သူမရှိ အပြီးသတ် အတည်ပြု၍ အောက်ပါ အတိုင်း ဆုများအား ပေးအပ်ချီးမြှင့် လိုက်သည်။

“အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီဆု (၂၀၀၈) “ ဆုရရှိသူ ဘလော့ဂ်များ စာရင်း”

(က) အကောင်းဆုံး ဘာသာရေး ဘလော့ဂ်ဆု (Best Religious Blog ) - မြတ်ဗုဒ္ဓအဆုံးအမများ ဘလော့ဂ်
(ခ) အကောင်းဆုံး ပညာရေး ဘလော့ဂ်ဆု (Best Education Blog ) - မသက်ဇင် ဘလော့ဂ်
(ဂ) အကောင်းဆုံး နည်းပညာ ဘလော့ဂ်ဆု (Best Blog About Blogging ) - ညီလင်းဆက် ဘလော့ဂ်
(ဃ) အကောင်းဆုံး နိုင်ငံရေး ဘလော့ဂ်ဆု (Best Political Blog ) - နစ်နေမန်း ဘလော့ဂ်
(င) အကောင်းဆုံး သတင်း ဘလော့ဂ်ဆု (Best News Blog ) - ခေတ်ပြိုင်ဂျာနယ် ဘလော့ဂ်
(စ) အကောင်းဆုံး ပရဟိတ ဘလော့ဂ်ဆု (Best Charity Blog ) - ပိုကောင်းမယ့် မနက်ဖြန် ဘလော့ဂ်
(ဆ) အကောင်းဆုံး မြန်မာစာပေ ဘလော့ဂ်ဆု (Best Myanmar Literature Blog ) - ဖွဲ့တည်ရာ မဂ္ဂဇင်း
(ဇ) အကောင်းဆုံး ရသစာပေ ဘလော့ဂ်ဆု (Best Literauture Blog ) - မင်းဒင် ဘလော့ဂ်
(ဈ) အကောင်းဆုံး ကဗျာ ဘလော့ဂ်ဆု (Best Poem Blog ) - ကောင်းကင်ကို ဘလော့ဂ်
(ည) အကောင်းဆုံး အစုအဖွဲ့ ဘလော့ဂ်ဆု (Best Association Blog ) - ကိုမိုးသီး ဘလော့ဂ်
(ဋ) အကောင်းဆုံး အထွေထွေ ဘလော့ဂ်ဆု (Best General Blog ) - နိုင်းနိုင်းစနေ ဘလော့ဂ်


(၆) ပေးအပ်ချီးမြှင့်မည့် ဆုများမှာ ဆုရရှိသူအားလုံး အတွက် တစ်ဦးချင်းစီ အလိုက် ဂုဏ်ပြုလွှာ တစ်စောင်စီနှင့် လက်ဆောင်ပစ္စည်း အဖြစ် အောက်ပါ ရွေးချယ်ဖွယ် (၂) မျိုးမှ တစ်ခုအား မိမိကြိုက်နှစ်သစ်ရာကို ပေးအပ် ချီးမြှင့်သွားပါမည်။

(က) မိမိစိတ်ကြိုက် ဒိုမိန်း တစ်ခု နှင့် ဝဘ်ဟို့စ်တင်း ဆာဗာ (၂) နှစ်စာ

(ခ) Rapidshare, Megaupload, Sendspace.. etc အစရှိသည့် အင်တာနက် ဖိုင်သိမ်းဆည်းခြင်းနှင့် ဒေါင်းလုဒ်လုပ်ခွင့် အကောင့် - (၂) နှစ်စာ

(၇) အထက်ပါ ကြေညာချက် အတိုင်း ဆုရရှိသူ ဘလော်ဂါများထံသို့လည်း တစ်ဦးချင်းစီ အလိုက် ဂုဏ်ပြုချီးမြှင့်လွှာ တစ်စောင်စီနှင့် တစ်ကွ ရရှိသည့် လက်ဆောင်ပစ္စည်း အမျိုးအမည်များကို တစ်ပါတည်း အီးမေးလ် ဖြင့် ပေးအပ် ချီးမြှင့်ပြီး ဖြစ်ပါသည်။

(၈) ပေးအပ်ချီးမြှင့်သော ဆုများ၏ ကုန်ကျစရိတ်များ၊ ကျသင့်ငွေများနှင့် ပတ်သက်၍ မြန်မာ ဘလော်ဂါပရက်စ်၊ မြန်မာသတင်းသမဂ္ဂ နှင့် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့ တို့က တိုက်ရိုက်ကျခံပါသည်။ အခြား မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်း ထံသို့မျှ  ရံပုံငွေ ကောက်ခံခြင်းမျိုး လုံးဝ မရှိပါကြောင်း တစ်ပါတည်း ရှင်းလင်းစွာ အသိပေး အပ်ပါသည်။

Terms of Use : The MBAA Awards winner badge artwork belongs to The MBAA Awards owners. If you are a certified winner of a category in the 2008 MBAA Awards, we are granting you a perpetual license to display it on your blog, provided it links back to the MBAA Awards site. It is not licensed for any other use. Unlicensed use constitutes breach of this license. We’ve licensed The MBAA Awards logos under a Creative Commons Attribution-NonCommercial-NoDerivs 2.5 License.The following additional terms apply to the Creative Commons license:

Attribution entails a link to The 2008 MBAA Awards site (http://mbaa2008.mmblogpress.com/) or any individual pages within The MBAA Awards site.

Leave a Reply