ဦးမင်းဒင် နှင့် အင်တာဗျူး

၁. ဘလော့ဂ်အကယ်ဒမီပေးပွဲ ဆိုတာကို စကြားမိတော့ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ၊ ဘယ်လိုထင်မြင်မိပါသလဲ။

ကိုယ်ရေးထားတာလေး ပရိသတ် က ဘယ်လိုများ သဘောထားကြပါလိမ့် ဆိုပြီး သိချင်စိတ် ဖြစ်မိပါတယ်။ ရေးတင် ထားတာလေးတွေကို  စာဖတ်သူ ဘယ်လောက်များများ နှစ်သက် လက်ခံကြသလဲ ။ စာဖတ်သူ ကြိုက်နှစ်သက်တယ် ဆိုတာ ဘယ်လို စာမျိုးလဲ သိချင်စိတ် ကြောင့်  ဒီအစီအစဉ်ကို ကြိုဆိုသူစာရင်းမှာ ပါပါတယ်။

၂. ဘလော့ဂ်အကယ်ဒမီပေးပွဲဟာ ဘလော့ဂါတွေအပေါ်ကို ဘယ်လို ဂယက်ရိုက် စေနိုင်တယ်လို့ ထင်မြင်မိပါသလဲ.

ကိုယ်ရေးချင်တာ စွတ်တင်ပြီး ရေးနေလို့ မဖြစ်ဘူး။ စောင့်ကြည့် အကဲဖြတ်မှု တချို့ ရှိနေတာကြောင့်  ကောင်းသည်ထက်ကောင်းအောင် အားထုတ်မှ ဆိုတာမျိုး က တဖက် ၊ ဘယ်လိုပုဂ္ဂိုလ်ကျော်မျိုတွေမို့  ဒီလို ရွေးပွဲကြီးကို ကမကထ လုပ်ကြတာလဲ ၊ အလကား အကြံအဖန် လုပ့်တာ၊ အပို အလုပ်တွေ ဆိုတာက တဖက် .. ။ အနည်းဆုံး အဲဒီ ဘက်နှစ်ဖက်ကတော့ ပေါ်လွင်လာ ပါတယ်။

၃. မဲပေးစနစ်ကို ကျေနပ်မှု ရှိပါသလား၊ ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ နည်းလမ်း အကြံပြုချင်တာများ ရှိပါသလား.။

ဒီထက်ပြည့်စုံကောင်းမွန်စေချင်ပါတယ် ။ နည်းပညာ မကျွမ်းကျင်တာကြောင့် ဘယ်လို လုပ်ပါလို့ တော့ မပြော တတ်ပါဘူး ။

၎. အခုလို ဆု ရရှိတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။

ဘလော့ ရေးဖြစ်အောင် ပံပိုးခဲ့သူတွေ ၊ စာဖတ်သူတွေကို ကျေးဇူးစကား ဆိုမှ သာ မင်္ဂလာတရား နဲ့ အညီ ဖြစ်ပါလိမ့်မယ်။ အားလုံးကို ကျေးဇူးစကား အလေးအနက် ဆိုပါတယ် ။ခြွင်းချက်ဖြင့်  ဆုရသူ လို့ ကိုယ့်ကိုယ်ကို ခံစားရပါတယ်။ ဘလော့အားလုံးမပါဝင်တဲ့ ရွေး ပွဲမို့ ရာနှုံးပြည့် ထိုက်တန်တယ် လို့  မပြောနိုင်တာ သေချာပါတယ်။ ဝမ်းမြောက်မှု အချို့ ရှိခဲ့ပါတယ်။


၅. အခုရရှိတဲ့ ဆု ဟာ မိတ်ဆွ အပေါ် ဘယ်လို အသုံးဝင်စေ ပါသလဲ။ လာမည့် နှစ်တွေ မှာ ဘယ်လို ဆု မျိုးတွေ ပေးသင့်ပါသလဲ။

အရိုးသားဆုံး ဝန်ခံရရင် ဒေါ့ကွမ်း၊ ဒိုမိန်း၊ ဆာဗာ၊  ဝက်ဘ်ဆိုဒ်၊   ဆိုတာတွေကို ကျနော် အခုထိ ရှင်းရှင်း လင်းလင်း နားမလည် သေးပါ ။ ဆု အမျိုးအစား က အဓိက မကျ လှပါဘူး ။ ဆုပေးနည်း စံနစ်ကျ ဘို့ နဲ့  အသိအမှတ်ပြုခြင်းသာ အခရာပါ။

၆. ဘလော့ဂ်အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး မိမိစိတ်ထဲ ခံစားရသမျှ အလွတ်သဘော ဆွေးနွေးပြောဆိုပေးပါ.။

ကျနော် အကောင်းဘက်က မြင်ပါတယ်။ တကယ် အရည်အချင်းရှိသူတွေ ပြည့်ပြည့်စုံစုံ ပါဝင်တဲ့  ရွေးပွဲမျိုး ဖြစ်လာစေချင်ပါတယ်။ ဘယ်အလုပ်မျိုးမှာ မဆို ခြောက်ပစ်ကင်းဖို့  ဆိုတာ ဖြစ်နိုင်ချေ အင်မတန် နည်းပါတယ်။

လေးစားမှုများဖြင့်

မင်းဒင်

၂၀၀၉ ခုနှစ်။ ဇန်နဝါရီလ( ၁၉ ) ရက်။

Leave a Reply