Comments for mmblogpress's Blog

Comment on MBAA 2008 News by Simon
မြန်မာဘလော့ခ် အကယ်ဒမီဆုပေးပွဲ ကျင်းပမည်

http://www.thanzinhlaing.com/forums/showthread.php?t=706

Comment on ပေးစာ နှင့် ပြန်စာများ by mindthemind
ပထမ အကြိမ် ဘလော့ဂါ ဆုပေးပွဲ တခုတော့ ဖြစ်မြောက်သွားပြီပေါ့။ ပါဝင် ဆောင်ရွက် ကြသူအား လုံးကို လေးစား ခြီးကျူးပါတယ်။ မိမိ တို့ ရဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲများ

ကြားကနေ မိမိတို့ ရဲ့ အဖိုးတန်ကိုယ်ပိုင်အချိန်တွေကို ပေးဆပ်ပြီး ၀ါသနာအလျောက်၊မေတ္တာ

စေတနာတွေနဲ့ မြန်မာဘလောက်ဂါတွေရဲ့ တိုးတက်ဖွံ့ ဖြိုးမှုကို ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ

တွေအတွက် မှတ်တမ်းတင်ဂုဏ်ပြုထိုက်တယ်လို့ ယူဆမိပါတယ်။

အတွေ့ အကြုံတခုကိုတည်ဆောက်ခဲ့ပြီမို့ နောက်ဆက်ဆောင်ရွက်မယ့် ဒုတိယအကြိမ်ဆုပေး

ပွဲအတွက် စဉ်းစားစရာတွေ၊ ပြင်ဆင်စရာတွေ တွေ့ ပြီး ပိုမို အဆင်ပြေ ကောင်းမွန်ပြီး အများစု

လက်ခံနိုင်မယ့်၊ မဲပေးသူများ ပိုပြီးများလာနိုင်မယ့် အစီအစဉ်တွေကို ချမှတ်အကောင်အထည်

ဖေါ်နိုင်မယ်လို့  မျှော်လင့်မိပါတယ်။

တကယ်တော့ ဒီဆုပေးပွဲအကြောင်းသိတာ နောက်ကျသွားတာမို့  မဲပေးတဲ့သူများစာရင်းထဲမှာ

ကျွန်တော်တယောက်မပါခဲ့တာကိုတော့ ၀န်ခံ ရင်းတောင်းပန်လိုပါတယ်။

အောက်ပါအချက်အလက်အချို့ ကို အကြံပေးလိုပါတယ်။ စဉ်းစားပြီးသားဖြစ်နေရင်လည်း

ဆရာလုပ်တယ်လို့ သဘောမထားဘဲ ခွင့်လွှတ်ရင်းနဲ့  ဥပေက္ခာသာ ပြုလိုက်စေလိုပါတယ်။

(၁) လက်ရှိ ဆုပေးခေါင်းစဉ်အောက်မှာ ထည့်သွင်းလို့ မရတဲ့ဘလောက်တွေကို အထွေထွေ

ကဏဖွင့်ပြီး အဲဒီခေါင်းစဉ်အောက်မှာ စုစည်းလို့ ရနိုင်ပါတယ်။

(၂) ဘလောက်ဂါအရေအတွက်များလွန်းနေမှာစိုးလို့  ဘလောက်ဂါတွေရဲ့ သက်တမ်းနဲ့ 

တနှစ်စာတင်ထားတဲ့ ပို့ စ် အရေအတွက်ကို ကန့် သတ် သတ်မှတ်သင့်-မသင့်

(၃) လူတိုင်းဘလောက်တိုင်းကို မလည်ပတ်နိုင်တဲ့အတွက် ဆုပေးအဖွဲ့ ဝင်တွေက ကဏ

အလိုက် လူကြိုက်များဘလောက် (၁၀) ခုစီရွေးချယ်ပြီး ထို (၁၀)ခုထဲကမှ မဲပေးစေ

လျှင် မဲပေးခံရမယ့် ဘလောက်ဂါများအတွက် ပိုပြီး မျှတမှု ရှိမလေမလားလို့ ထင်မိ ပါ

တယ်၊ ပို့ စ် တခု-၂ခု မျှဖတ်ပြီး မဲပေးတာမျိုးမဖြစ်အောင်လို့ ပါ။

(၄) ဖြစ်နိုင်လျှင် မြန်မာဘလောက်ဂါအားလုံးရဲ့ လင့်က်ကို စာရင်းပြုစုပေးထားတဲ့ ၀ဂ်ဆိုက်

တခုများဖွင့်ထားနိုင်လျှင် ကျွန်တော်တို့ လို လူမျိုးများအတွက် လည်ပတ်ရ လွယ်မလား

လို့ ပါ။ မဲပေးချင်သူတွေအတွက်လည်း ကိုယ်မလည်ပတ်ဖူးတဲ့ ဘလောက်တွေကို လွယ်

လွယ်ကူကူ လည်နိုင်တာပေါ့။

(၅) အဖွဲ့ ဝင်တွေက ရွေးချယ်ထားတဲ့ ဘလောက်ဂါ (၁၀)ယောက်စီ ထဲမှာမပါလို့ ၊ ဒါမှမဟုတ်

(၁၀)ယောက်မပြည့် တဲ့ ခေါင်းစဉ်အောက်မှာ တစုံတယောက်က စာရင်းသွင်းဖို့ အကြံပြု

လာလျှင် အခြားထောက်ခံသူ (ဦးရေသတ်မှတ်ပြီး) ထက်မနည်း အကြံပြုလာပါက ဆုပေး

အဖွဲ့ ဝင်များက (မဲစပေးရန် သတ်မှတ်ရက်မကျော်သေးပါက ) သက်ဆိုင်ရာ ဘလောက်ဂါ

၏ ဆန္ဒကို ယူပြီး စာရင်းဖြည့်စွက်ပေးရန်။ (အမှတ်စဉ် (၇)ကိုလည်းရည်ညွှန်း)

(၆) မဲပေးရန်ဘလောက်ဂါစာရင်းတင်လိုက်တဲ့အခါ မြန်မာအက္ခရာစဉ်အရဖြစ်စေ၊ ဘလောက်

ဂါသက်တမ်းအရဖြစ်စေ ထက်အောက်စဉ်ပါက အထင်လွှဲခြင်း သံသယဖြစ်ခြင်း နှင့် ဦးစား

ပေးခြင်း မှ ကင်းဝေးစေမည်ဖြစ်ပါသည်။

(၇) ဆုရွေးချယ်ရေးအဖွဲ့ ဝင်များပြုစုထားတဲ့ ဘလောက်ဂါ (၁၀)ဦးထဲမှ မိမိဆန္ဒအလျောက်

စာရင်းမှ ပါယ်နှုတ်လိုသည့်ဘလောက်ဂါကိုလည်း ၄င်း၏ဆန္ဒအတိုင်း စာရင်းမှ ဖြုတ်ပေး

ရန်။